သိ င်္ဂီ ရွှေဘို ဆန် ဆိုတာ ...

သိ င်္ဂီဆန် ဟာ ဘယ်လို ဆန်မျိုးလဲ ...

ရွှေဘို ပေါ်ဆန်းမွှေးသည် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်တွင် ကျင်းပခဲ့သော World's Rice Conference တွင် ကမ္ဘာ့ အကောင်းဆုံး ဆုကို ရရှိခဲ့သော ဆန်ဖြစ်ပါသည်။ သိင်္ဂီရွှေဘို အဆင့် မြင့် ဆန်စက်မှ ကမ္ဘာ့ အကောင်းဆုံး ဆုကို ရရှိခဲ့သော ဆန်အရည်အသွေး နှင့် ထပ်တူညီသော အဆင့်မြင့် ထူးရှယ် ပေါ်ဆန်းမွှေး များကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ ပေးလျှက် ရှိပါသည်။

ရွှေဘို ဆန် ပေါ်ဆန်းမွှေးကို မြန်မာပြည် တွင်းရှိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘို ခရိုင်၊ ရွှေဘို မြို့နယ် အတွင်းတွင် စိုက်ပျိုးကြပါသည်။ စပါး အမျိုးအစား အနေဖြင့် ဘေးကြား စပါး ဟုလည်း ခေါ်ဆိုကြပါသည်။ ထူးခြားသော အရသာ နှင့် နူးညံ့သော ထမင်းသား ကို ရရှိခံစား စေနိုင် သော ဆန်အမျိုးအစား ဖြစ်ပါသည်။

ထမင်းကို တာရှည်စွာ အထားခံနိုင်ခြင်း (မသိုး လွယ်ခြင်း) နှင့် ထမင်း အိုး တက်ခြင်းတို့မှာ ရွှေဘို ပေါ်ဆန်းမွှေး ၏ ထူးခြားချက် ဖြစ်ပါသည်။ သကြားဓာတ် နည်းသော အမျှင်ဓာတ် များသော ဆန် အမျိုးအစား ဖြစ်သောကြောင့် ကျန်းမာရေး နှင့် အထူးသင့်လျော်သော ဆန်အမျိုးအစား ဖြစ်ပါသည်။ အထူးခြားဆုံး သော အားသာချက် တစ်ခုမှာ ရွှေဘိုစပါးမျိုးကို တစ်နယ်ခြား ဒေသများတွင် စိုက်ပျိုးသော်လည်း ရွှေဘို ဒေသတွင် စိုက်ပျိုးခြင်းကဲ့သို့ တူညီသော အရည်အသွေး မရရှိ နိုင်ခြင်းဖြစ် ပါသည်။ မြေဆီမြေနှစ် နှင့် ဒေသရာသီ ဥတု ကွာဟချက်များ ကြောင့် ဖြစ်ပါသည်။ ရွှေဘို ဒေသမှ အဓိက အနေဖြင့် ရွှေဘို ပေါ်ဆန်းမွှေး ကို လူကြိုက် အများဆုံးဖြစ်ပြီး၊ ဧရာမင်း၊ ရွှေဘို မဂျမ်းတော၊ ရွှေဘို မနော် (ခွန်နီ)၊ ၇၄၇၊ မန်းဧရာ၊ ပုလဲသွယ် အစရှိသော စပါးများ ကိုလည်း စိုက်ပျိုးကြပါသည်။

သိင်္ဂီ ဆန်စက်ရုံမှ ရွှေဘို ပေါ်ဆန်းမွှေး ဆန်ကို အဓိက ထုတ်ကုန် အနေဖြင့် ထုတ်လုပ် နေပြီး အခြား သော ရွှေဘို ဒေသထွက် အရည်အသွေး မြင့် ဆန်အမျိုးမျိုးကို လည်း ထုတ်လုပ်လျှက် ရှိပါသည်။

ဘယ်ချိန်က စတင် ထုတ်လုပ် ခဲ့သလဲ ...

သိ င်္ဂီ ဆန်များကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဈေးကွက် အတွင်း စတင်ဖြန့်ချီလျှက် ရှိရာ ယနေ့ အချိန်ထိ ဆန်အရည် အသွေး မြင့်မားမှုကို ထိန်းသိမ်း ထားနိုင်ခြင်း ကြောင့် ဝယ်ယူ အားပေးသူ များ၏ ယုံကြည်မှုဖြင့် ဈေးကွက်အတွင်း အခိုင် အမာ ထောက်ခံမှုကို ရရှိထားပါသည်။

ဘာကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်သလဲ ...

သိ င်္ဂီမှ ထုတ်လုပ် ဖြန့်ချီသော ဆန်အမျိုးအစား အားလုံးကို ခေတ်မှီ နည်းစနစ် နှင့် နိုင်ငံတကာ စံချိန်မှီ စက်ကြီးများကို အသုံးပြုခါ အဆင့်မြင့်၊ အရည် အသွေးမှီ သန့်စင် ထုတ်လုပ် ထားပါသည်။ အဆင့်မြင့် ဆန်ရွေးစက် (Rice Color Sorter) စက်ကြီးများ စွာ တပ်ဆင်၍ ဆန်များကို သန့်စင်ထားခြင်း၊ အမှုန် အမွှား များ ကင်းစင် စေရန် အမှုန် သန့်စင် စက်များတွင် ဖြတ်သန်း စေခြင်း နှင့်၊ ခဲ၊ သလဲ အစရှိသည်တို့အတွက် စိတ်ချရ စေရန် အဆင့်မြင့် ခဲ ရွေးစက်ကြီးများ လည်း တပ်ဆင် အသုံးပြု ထားပါသည်။

သိ င်္ဂီ မှ ထုတ်လုပ်သော ဆန်အားလုံး ကို အာဟာရ ဓာတ် ပြည့်ဝစွာ ရရှိနိုင်စေရန် မလိုအပ်ပဲ ဆန်အရောင်များ ချွတ်ပြီး ဖြူစေခြင်း ကို အထူး လျှော့ချ ထား၍ ဆန်တွင် သဘာဝ အလျှောက်ပါ ဝင်သော အာဟာရ ဓာတ်များကို စားသုံးသူများ အပြည့်အဝ ရရှိစေရန် အထူးဂရုပြု ကြိတ်ခွဲ ထုတ်လုပ်ထားပါသည်။ အာဟာရ ဓာတ် ပြည့်ဝ ရုံသာမက ဝယ်ယူပြီး ရေရှည် အထားခံ သိုလှောင် နိုင်စေရန် အတွက်လည်း စိုထိုင်း စတိုင်းသော ကိရိယာ များ ဖြင့် စနစ်တကျ စစ်ဆေး ထုတ်လုပ် ထားပါသည်။ လတ်ဆတ်သော ကြိတ်သစ် ဆန်များကို သာ ဈေးကွက် အတွင်း ဖြန့်ဖြူး ရောင်းချသော ကြောင့် ထမင်း ချက်ချိန်တွင် သဘာဝ အလျှောက် မွှေးပျံ့သော ပေါ်ဆန်းမွှေး ရနံ့ကို ရရှိ ခံစားစေနိုင်မည် ဖြစ်ပါသည်။

သိ င်္ဂီ ဆန်စက် ၏ တည်နေရာ ...

စက်အမှတ် (၁၈၉)၊ ရုပ်ပျိုလမ်း၊
ရွှေဘို စက်မှုဇုံ၊ ရွှေဘိုမြို့။

သိ င်္ဂီ ဆန်စက် ၏ အမှတ် တံဆိပ် ...

သိင်္ဂီ ဆန်စက်၏ တံဆိပ် (logo) ၃ မျိုးရှိပါသည်။

၁/ "Theingi" ဟူ၍ အစိမ်းရောင် နှင့် အဝါရောင် ကို အသုံး ပြု ထားသည့် အင်္ဂလိပ်စာတန်း တံဆိပ် (English Text Logo)၊

၂/ "သိင်္ဂီ" ဟူ၍ အဝါရောင် မြန်မာ စာကို အနီရောင် အနားသတ်ဖြင့် ပြုလုပ် ထားသည့်၊ ဆန်အိတ်များ ပေါ်တွင် ပါရှိနေကျ ဖြစ်သော မြန်မာစာတန်း တံဆိပ် (Myanmar Text Logo) နှင့်

၃/ အင်္ဂလိပ်စာလုံး အစိမ်းရောင် "T" နှင့် အဝါရောင် "G" ကို ပူးတွဲ ပုံဖေါ် ထားသော စပါးနှံ ပုံပါဝင်သည့် အတိုခေါက် ရုပ်ပုံတံဆိပ် (Image Logo)

တို့ ဖြစ်ကြပါသည်။

မှတ်ချက် - ဆန်အမျိုး အစားများအလိုက် သိင်္ဂီ လိုဂို တံဆိပ်နှင့် ဆန်အိတ်ပေါ်ရှိ စာသား အရောင်များကို ခွဲခြား ၍ ထုတ်လုပ် ဖြန့်ဖြူးထားပါသည်။

သိင်္ဂီ ဆန်စက် အမှတ်တံဆိပ် များအားလုံးကို မြန်မာနိုင်ငံ တည်ဆဲဥပဒေ များနှင့် အညီ မှတ်ပုံတင် နံပါတ် ( ) ဖြင့် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။

သိ င်္ဂီ ဆန်စက်မှ တိုက် ရိုက် ဖြန့်ဖြူးသော ဆန်အိတ် ကို ဘယ်လိုခွဲခြား မလဲ ...

- ၂၄ ပြည်အိတ် အလေးချိန် ( ၁ဝ၈ ) ပေါင်

- ၁၂ ပြည်အိတ် အလေးချိန် ( ၅၄ ) ပေါင်

- ၆ ပြည်အိတ် အလေးချိန် ( ၂၇ )ပေါင်

- အိတ်ပေါ်တွင် ရိုက်နှိပ် ထားသော သိ င်္ဂီ တံဆိပ် (မြန်မာ တံဆိပ်)

- အိတ်တိုင်းတွင် အနီရောင် ကြိုးစဖြင့်သာ နှစ်လိုင်း ချုပ်ထားခြင်း၊

- Seal တံဆိပ် စာရွက်ကို အနီရောင် ချုပ်ကြိုးဖြင့် တွဲ၍ ချုပ်လုပ် ထားခြင်း

စသည်တို့ ဖြစ်ကြပါသည်။


Copyright © 2017 Theingi Rice Production